သာစည် နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပြပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မရွေးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် သနပ်ကန်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မရွေးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်(ခွဲ)၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးခက်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထွေးထွေးစိန်က လူငယ်ရေးရာများနှင့်ပတ်သက်ပြီး အသိပညပေးဆွေးနွေးသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေးက စာဖတ်ခြင်းအကျိုးကျေးဇူးများကိုဆွေးနွေးပြီး ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာကို ကြိုးစားသင်ယူကြရန်နှင့် ပြင်ပအသိပညာဗဟုသုတများဖြင့် ပြည့်စုံစေရန် သုတ၊ ရသစာပေများကိုလည်း ဖတ်ရှုလေ့လာကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေးသုတ၊ ရသစာအုပ်များပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ကြရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် သနပ်ကန်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဟောပြောပွဲနှင့် အသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်