မိုးညှင်း နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၁၀/၂၀၂၃)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ကချင်ပြည်နယ် အစိုးရအဖွဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွန်မှာကြားချက်အရ သဘဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများ၊ မိုးညှင်းခရိုင် သစ်တောဦးစီးဌာနမှ ပျိုပင် (၁၀၀၀၀၀)ကျော် ပျိုးထောင်ထားရှိမု အခြေအနေများ၊ ထူးချားဖြစ်စဥ် သတင်းများကို အချိန်နှင့် တစ်ပြေးညီ တင်ပြကြရန် ရုံးဌာနများ၊ ဝန်ထမ်းများ လုံခြုံရေး အထူးဂရုပြုကြရန်၊ ရုံးဌာနများတွင် မီးသတ်ဆေးဘူးများ ထားရှိကြရန်၊ ဝန်ထမ်းများအနေဖြင့် တရားမဝင်လိုက်စင်မဲ့ မော်တော်ယာဉ်များ မစီးနင်းရေး ဝန်ခံကတိလက်မှတ်ရေးထိုး ထားကြရန်၊ ဒေသန္တရ စီမံကိန်းလုပ်ငန်းများ ရေးဆွဲတင်ပြ ကြရန် စသည်တို့ကို ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆေင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းဆောင်ရွက်ရမည့် အခြေအနေများကို သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)