ပုဗ္ဗသီရိ နိုဝင်ဘာ ၁၀
ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ညောင်ပင်ကြီးစုကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ လဝကတိုက်နယ် တာဝန်ခံ ထန်ခုတ်မှုန်ပါ ၅ ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေ ဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ် နှင့်အထက်နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Databaseတွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ညောင်ပင်ကြီးစုကျေးရွာရှိနိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူ အမှန် ကျား ၁၀၄ဦး၊ မ ၁၁၂ဦး စုစုပေါင်း ၂၁၆ ဦးတို့အားကောက်ယူခဲ့ရာ ဇီဝဆိုင်ရာအချက် အလက် (Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)