ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ ပြည်စံအောင်ဈေးအတွင်း၌ အစားအ‌သောက်များ ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး ဇေယျာသီရိ နိုဝင်ဘာ ၁၀ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ ပြည်စံအောင်ဈေး အတွင်း၌ ရောင်းချနေသည့် စား

ဇေယျာသီရိ နိုဝင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ ပြည်စံအောင်ဈေးအတွင်း၌ ရောင်းချနေသည့် စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး ခြင်းကို ယနေ့နံနက်ပိုင်းက စစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေ၊ ဇေယျာသီရိမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့်  မြို့နယ်အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး ကော်မတီအဖွဲဝင်များက ပြည်စံအောင်ဈေးအတွင်းရှိ ‌‌ဆိုင်များမှ မျှစ်ချဉ်၊ Coconut water၊ အချိုမှုန့်၊ ကြက်အူချောင်း၊ Milk Passion fruit flovour drink ၊ Korean Candy၊ ကွမ်းသီးခြမ်း၊ ကွမ်းသီးစိတ်၊ ငါးပိ၊ အရောင်တင်မှုန့်၊ ပုဇွန်ချဉ်စပ်ခေါက်ဆွဲများအား ခွင့်မပြုဓာတုတာရှည်ခံပစ္စည်းများပါဝင်မှု ရှိ/မရှိ  စစ်ဆေးရန်အတွက် ဝယ်ယူခဲ့ပြီး မျှစ်ချဉ်နှင့် ကြက်အူချောင်းတို့အား Mobile Lab Van ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ချက်ချင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ခွင့်မပြုဓာတုဆေးဝါးများ ပါဝင်မှု မရှိ‌ကြောင်း၊ အခြားဝယ်ယူထားသည့် အစားအသောက်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့ပေးပို့၍ ခွင့်မပြုဓာတုတာရှည်ခံပစ္စည်းများပါဝင်မှု ရှိ/မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)