မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်၌ မဲရုံများ စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်

မော်လမြိုင်  အောက်တိုဘာ ၂၂

မွန်ပြည်နယ်မော်လမြိုင် မြို့နယ် အထွေထွေအုပ်အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း သည် ယနေ့ နံနက်ပိုင်း၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း က လှိုင်ရပ်ကွက်အတွင်းရှိ မဲရုံ(၇)ရုံ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် တာဝန်ရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မော်လမြိုင်မြို့နယ်၌ ဆန္ဒမဲ ပေးနိုင်ရန် မဲဆန္ဒရှင် စာရင်း နှစ်သိန်းလေးသောင်းခန့်ရှိပြီး မဲရုံ(၁၁၉)ရုံလျာထား ဆောင်ရွက် ထား ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)