ကျိုက်မ​ရောမြို့နယ်​အတွင်းရှိ​ ကျေးရွာများ၌ ​သောက်သုံး​ရေ အရည်အ​သွေး စမ်းသပ်စစ်​ဆေး

ကျိုက်မ​ရော ​အောက်တိုဘာ  ၂၂

မွန်ပြည်နယ်​၊ ကျိုက်မ​ရောမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနက မြို့နယ် အတွင်းရှိ ​ကျေးရွာများ အနက် ​ကျေးရွာ (၅၈) ရွာ၌​ ကျေးလက်ပြည်သူများ အသုံးပြုလျက် ရှိသော ​​​​​သောက်သုံး​ရေများတွင် ဘက်တီးရီး ယားပိုးများ ပါဝင်မှုရှိမရှိသိရှိနိုင်ရန် ​ရေအရည်အ​သွေးများကို ယမန်​နေ့​ နေ့လယ်ပိုင်းက စမ်းသပ်စစ်​ဆေးမှုများ ပြုလုပ် လျက်ရှိ​ကြောင်း​ ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနမှသိရသည်။

ထိုသို့စမ်းသပ်ရာတွင် ရေထဲတွင် ပါဝင်​နေ​သောလူနှင့် တိရစ္ဆာန်အညစ်အ​ကြေးဓါတ်​ကြောင့် ဝမ်း​​ပျက်ဝမ်း​လျှောဖြစ်​စေတတ်​သောEcoil ပါဝင်မှု ရှိ/မရှိစမ်းသပ်စစ်​ဆေးနိုင်ရန်အတွက် (၅၈)ရွာရှိ အများသုံးစက်​ရေတွင်း၊ တွင်းတိမ်​မြေသား​ရေကန်မှရေနမူနာများကို သတ်မှတ်ချက်အတွင်းရယူပြီး ၂၄ နာရီအတွင်း စစ်ဆေးရမည့် အချက်များဖြင့် စနစ်တကျ စမ်းသပ်စစ်​ဆေး​ဆောင်ရွက်ပြီး ကျန်ရှိ​သော ကျေးရွာ (၁၀၀) အား ၂၀၂၁ ခုနှစ် မတ်လအတွင်း အပြီးစမ်းသပ် စစ်​ဆေးမည်ဖြစ်​ကြောင်း သိရသည်။

ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနအ​နေဖြင့် ​ကျေးလက်​ဒေသများတွင် သန့်ရှင်း​​သော ​သောက်သုံး​ရေ ဖူလုံစွာ ရရှိ​စေ​ရေးအတွက် တွင်းတိမ်၊ တွင်းနက်၊​ ​မြေသား​ရေကန်နှင့်​ ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းများကို ကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှဦးစီးမှူး ဦးပြည့်ဦးကိုကိုထံမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)