လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ဆန်များ လာရောက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  အောက်တိုဘာ  ၂၂

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံနှံမှု လျော့ကျစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ယနေ့နံနက် ၁၁နာရီခန့်က ဆန်များ လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် ဦးထွန်းထွန်းဝင်း+ဒေါ်နမ်းခမ်းပွဲ မိသားစု ကြယ်စင်မင်း စက်သုံးဆီရောင်းဝယ်ရေး မုံရွာမြို့ ငွေကျပ်တစ်သိန်း တန်ဖိုးရှိ ဆန်အိတ်များနှင့် ဦးရဲမြင့်+ ဒေါ်ချောစုစုခင်မိသားစု တိုင်းကျော် စက်သုံးဆီ ရောင်းဝယ်ရေး၊ မြစ်ကြီးနားမြို့မှငွေကျပ် နှစ်သိန်းတန်ဖိုးရှိ ဆန်အိတ်များ စုစုပေါင်းငွေကျပ် သုံးသိန်း တန်ဖိုးရှိ ဆန်(၄)ပြည်အိတ်(၁၀၀)အား လာရောက်လှူဒါန်းခဲ့ပြီး လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီကိုယ်စား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မေရီစိုးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ လှူဒါန်းမှုများကို လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လှိုင်သာယာ(အရှ့ပိုင်း)နှင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်များ အတွင်းရှိ အသွားအလာ ကန့်သတ်ထားသည့်လမ်းများရှိ အိမ်ထောင်စုများအား ဆက်လက် လှူဒါန်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)