တန့်ယန်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ခိုယောင်းကျေးရွာအုပ်စု ဘုရားသုံးဆူ (၇)မိုင် ဘုန်းတော်ကြီးကျောင်း ကထိန်လျာသင်္ကန်းနှင့် ပဒေသာများ မြို့တွင်း လှည့်လည်ပူဇော်ပွဲကြီးကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဘုရားသုံးဆူ (၇) မိုင် ဘုန်းတော်ကြီးကျောင်း ဘုံကထိန် မြို့တွင်း လှည့်လည် ပူဇော်ပွဲကြီးကို နှစ်ဖက်သော မိဘများအား အမှူးထား၍ ဦးနန်းကို + ဒေါ်နန်းမို့မို့မြင့်ဟန် (မို့မို့ ကုန်စုံဆိုင်)မှ ဦးစီးလျှက် စေတနာရှင်ပြည်သူများနှင့် စုပေါင်းကာ ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင် စုစုပေါင်း ၁၃ ပင်ဖြင့် မြို့တွင်း လှည့်လည်၍ ခိုယောင်းကျေးရွာအုပ်စု ဘုရားသုံးဆူ (၇) မိုင် ဘုန်းတော်ကြီးကျောင်းသို့ ရှမ်းတိုင်းရင်းသားရိုရာ အိုးစည်ဗုံမောင်းအဖွဲ့များနှင့်အတူ ပို့ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)