ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ရောင်စုံစက္ကူခေါက်ပြိုင်ပွဲကျင်းပ

ဆဒုံ နိုဝင်ဘာ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ရောင်စုံစက္ကူခေါက်ပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်၊၊

ရှေးဦးစွာ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ စိတ်လက် ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ အရောင်စပ်နည်းများကို ရွေးချယ်တတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊

ထို့နောက် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ ဆဒုံးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၃) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိ သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်၊၊

ခင်မာဝင်း (ဆဒုံး)