Facility Quarantine (၁၄) ရက်ပြည့် နေထိုင်ပြီးသူ (၉)ဦးအား မိမိနေအိမ်သို့ ပြန်ခွင့်ပြု

အင်တော အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း Facility Quarantine Center တို့တွင် Facility Quarantine(၁၄) ရက်ပြည့် နေထိုင်ပြီးစီးသူ ၉ ဦးကို ယနေ့ နေ့လယ် ၁၂ နာရီက မိမိနေအိမ် ပြန်ခွင့်ပြုခဲ့ကြောင်း အင်တောတိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

အင်တောမြို့သို့ ပြည်တွင်းပြည်ပမှ ပြန်ရောက်လာကြသည့် မြို့ခံနေ ပြည်သူများမှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်စေရေး၊ ရောဂါထိန်းချုပ်နိုင်ရန်အတွက် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီမှ ကြီးကြပ်မှုဖြင့် Facility Quarantine Center သို့ စောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထို့နောက် အင်တောမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် အဖွဲ့ဝင်များက Facility Quarantine နေထိုင်ပြီးစီးသူ (၉)ဦး အား ကျန်းမာရေးဌာန၏ ထောက်ခံချက်ပေးအပ်ပြီး မိမိနေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အောင်ခိုင် (အင်တော)