ခိုလမ်မြို့တွင် ကျောင်းသား/ကျောင်းသူများအား နိုင်ငံ့သားစိစစ်ရေးကဒ်ပြား ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ခိုလမ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ကျောင်းသား/ကျောင်းသူများအား နိုင်ငံ့သားစိစစ်ရေးကဒ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီခွဲ အချိန်က(အ.ထ.က)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ခိုလမ်ရှေ့တန်းရုံးမှ လဝကမှူး ဒေါ်ကေ‌သီအေးနှင့် ၀န်ထမ်းများမှ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကဒ်ပြား မပြုလုပ်ရသေးသော ကျောင်းသား/ကျောင်းသူများအား  ကိုယ်ရေးအချက်အလက်များ စာရင်းရေးသွင်းပြီး ပြည့်စုံမှန်ကန်သူများကို ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)