နွားထိုးကြီး အောက်တိုဘာ ၂၂
နွားထိုးကြီးမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်မိုးဦးဆောင်၍ အထူးရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီမှ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိုးကုတ်ရိပ်သာကျောင်းတို့တွင် ပြည်သူ့ အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော်မိုး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ အထူးရဲအင်အား (၂၂၀) ဦးတို့သည် ခြင်ခိုအောင်းမှု မရှိစေရေး၊ သန့်ရှင်းသာယာစေရေးအတွက် ပေါင်းမြတ်ရှင်းလင်းခြင်း၊ စုပေါင်းအမှိုက်လှည်းခြင်း၊ ခြုံနွယ် ရှင်းလင်းခြင်းတို့ကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်