(၇၉)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် စကားပြောစွမ်းရည်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မြို့နယ်စာရေးဆရာအသင်းမှ ဦးဆောင်ကျင်းပ ပြုလုပ်မည့် (၇၉)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်သွားမည့် စကားပြောစွမ်းရည်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ယနေ့ နံနက် (၁၀)နာရီခွဲက ကျောက်ဆည် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်က ကျောင်းသား/ကျောင်သူများအဖြင့် စာဆိုတော်နေ့ အထိမ်းအမှတ် စကားပြောစွမ်းရည် ပြိုင်ပွဲတွင် မိမိတို့ ပြိုင်ပွဲဝင်ရမည့် ခေါင်းစဉ်များနှင့် ပတ်သတ်၍ ကြိုတင်လေ့လာ လေ့ကျင့်ထားပြီး အကောင်းဆုံး ပြိုင်ပွဲဝင်များဖြစ်အောင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြိုင်ပွဲဝင်များအတွက် သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းအနေဖြင့် ၁၃၈၅ ခု၊ နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် (၇၉) ကြိမ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် စကားပြောစွမ်းရည် ပြိုင်ပွဲကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနာ်ရထာခန်းမ၌  ဒီဇင်ဘာ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများက ဆောင်းတွင်းအိမ်မက် ဂယောက်ဂယက်၊ ရာဇဝင်ထဲက သူရဲကောင်းကျွန်တော်၊ ကျွန်တော် IDOL အနုပညာရှင်တစ်ဦး၊ ရပ်ဓလေ့ ရွာဓလေ့၊ အချိန်ခရီးသွားခြင်း၊ ကာတွန်းဇာတ်ကောင်များနှင့် တွေ့ဆုံခြင်း၊ ငရဲပြည်နှင့်နတ်ပြည်သို့ အလည်တစ်ခေါက်၊ ဘီလျှံနာသူဌေး ကြီး ဖြစ်ခဲ့လျှင်၊ စိတ်ပုတီးနှင့်ရိပ်ကြီးခိုမယ် စသည့်ခေါင်းစဉ်များဖြစ်  ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)