လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် ပန်ပျိုးလက်စင်တာတို့ ပူးပေါင်း၍ မျှဝေခြင်း အစီအစဉ်ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပန်းပျိုးလက်စင်တာတို့ ပူးပေါင်း၍ မျှဝေခြင်း အစီစဉ် ကို ယနေ့ နေ့လည် ၁နာရီခန့်က အသွားအလာ ကန့်သတ်ထားသော လမ်းများတွင် ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသောလမ်းများရှိ အိမ်ထောင်စု (၃၈)စု နှင့် အမှတ်(၁၃)ရပ်ကွက်ရှိ အသွားအလာ ကန့်သတ်ထားသော အိမ်ထောင်စု (၆)စု  စုစုပေါင်း အိမ်ထောင်စု(၄၄)စုတို့အား အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်၊ ဆီငါးဆယ်သား ၊ ပဲငါးဆယ်သား၊ ကြက်သွန်နီတစ်ပိဿာ ၊ ငါးသေတ္တာ(၃)ဘူး ၊ ငါးပိ(၃)ဘူးနှင့် မုန့်(၃)ထုပ်တို့အား လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ် ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေရီစိုး နှင့် ပန်းပျိုးလက်စင်တာမှ တာဝန်ရှိသူများက မျှဝေပေးအပ်သည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့်အတူ လှုမှုပရဟိတအဖွဲ့များ၊ စေတနာရှင် အလှူရှင်များမှလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)