သပိတ်ကျင်း နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ စာဖတ်ရှိန် မြှင်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲ အချိန်က၊ ကဘဲ့ရပ်ကွက်"မြို့မ" (အ.မ.က)ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် နိုင်ငံဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်၊ ဆရာ၊ဆရာမများ အနေဖြင့် အားလပ်ရက်ကျောင်းပိတ်ချိန်များတွင် စာပေဖတ်ရှုခြင်းဖြင့် စာပေဗဟုသုများ တိုးပွားပြီး အနာဂတ်လူရည်ချွန်များ မွေးထုတ်ပေးနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ် စာအုပ်စာစောင်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)