သံဖြူဇရပ်မြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သံဖြူဇရပ် နိုဝင်ဘာ ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အမှာစကားပြောကြားရာတွင် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းအစည်းအဝေးကို အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူများသိရှိစေရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုဌာနဆိုင်ရာများ လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်း တာဝန် (၇ ) ရပ်ကို ပြောကြားသည်။

ထို့နောက် မြို့နယ်ကော်မတီအဖွဲ့ဝင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက မြို့နယ်အတွင်း ကလေးသူငယ်နှင့်ပတ်သက်သည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ မြို့နယ်ကော်မတီအတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစန်းပြည့်အောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်း ဆောင်ရွက်မည့်လုပ်ငန်းအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ကော်မတီအတွင်းရေးမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)