မြစ်သား အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကမ္ဘောဇဘဏ် လီမိတက် (မြစ်သားဘဏ်ခွဲ) မှ အလှူငွေနှင့် ကိုဗစ်−၁၉ ရောဂါ အထောက်အကူ ပြုပစ္စည်းများကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်လီမိတက် (မြစ်သားဘဏ်ခွဲ) မှ အလှူငွေနှင့် အထောက်အကူပစ္စည်းများကို မြစ်သား ပြည်သူ့ဆေးရုံကြီးတွင် အထွေထွေအသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း (၅၀) နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် Mask (၃၀၀၀၀) ခု၊ ခေါင်းစွပ် (Cap) (၄၀၀) ခု၊ လက်အိတ် (Gloves) (၃၀၀၀)စုံ၊ Face shield (၂၅၀) ခု၊ Hand gel (၂၀၀) ဗူး၊ PPE ဝတ်စုံ (၅၀) စုံ၊ မျက်မှန် (၅) ဖာတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက လက်ခံရယူခဲ့ပြီး မြစ်သားကမ္ဘောဇဘဏ်ခွဲ သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆုမွန်(မြစ်သား)