မိုင်းဖြတ်၌ Facility Quarantine ဝင်နေသူ ခြောက်ဦးအားTest Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့

မိုင်းဖြတ် အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ဓာတ်ခွဲ ကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ဝန်ထမ်းများက ယနေ့နံနက် ၈နာရီခွဲအချိန်ခန့် က အထက(ဟိုနား)၌ Facility Quarantine ဝင်နေသူ ကျောင်းဆရာခြောက်ဦးထံ မှ နှာခေါင်းတို့ဖတ်ကိုရယူခဲ့ပြီး   ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးမရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ကြမည့် ဆရာ၊ ဆရာမများသည် အကြောင်းအမျိုးမျိုးကြောင့် မြို့နယ်ပြင်ပ (အခြားဒေသ) များသို့ ရောက်ရှိနေကြသည့်အတွက် ရွေးကောက်ပွဲ ကျင်းပရာတွင် ပါဝင်ဆောင်ရွက်ဖို့ ပြန်လည်ရောက်ရှိလာ သူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက    ဆရာမများကို အထက (မိုင်းဖြတ်) Quarantine Center တွင် လည်းကောင်း၊ ဆရာများကို အထက(ဟိုနား) Quarantine Center တွင် လည်းကောင်း Quarantine ဝင်စေခဲ့ကြောင်း သိရသည်။

Quarantine Center နှစ်ခုတွင် ထားရှိသည့် ဆရာ၊ ဆရာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သက်မှတ်ရက်များဖြင့် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များကို ရယူစစ်ဆေးခဲ့ရာ   စက်တင်ဘာ ၆ရက်နေ့တွင် ၇ ဦး၊ အောက်တိုဘာ ၁၀ရက်နေ့တွင် ၃ဦး၊ ၁၃ ရက်နေ့တွင် ၃၅ ဦး၊ ၁၇ ရက်နေ့တွင် ၁၀ ဦး၊ ၂၀ ရက်နေ့ တွင် ၂၀ဦး၊ ၂၁ရက်နေ့တွင် ၁၉ဦး၊ ၂၂ရက်နေ့တွင် Test Kit ဖြင့် ၆ ဦး စုစုပေါင်း ၁၀၀ ဦးကို ရယူစစ်ဆေးခဲ့ရာ ၅၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရပြီး ကျန် ၄၉ ဦး ၏ အဖြေများကို မသိရသေးကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)