မောင်တော နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်လျက်ရှိသော ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းတက်ရောက် လျက်ရှိကြသော ရေလုပ်သားများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစု စောင့်ရှောက်ရေးဘာသာရပ်အား ယနေ့ နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ပို့ချပေး ခဲ့သည်။
ထိုသို့ သင်တန်းပို့ချပေးရာတွင် မောင်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်လျက်ရှိသော ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းတွင် တက်ရောက်နေကြသော မြို့နယ်အတွင်းရှိ ရေလုပ်သားများအား ပင်လယ်မြစ်ချောင်းများအတွင်း ငါးဖမ်းဆီးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အသက်ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရှေးဦးပြုစုခြင်း ဘာသာရပ်ဖြစ်သော ထိခိုက်ဒဏ်ရာ ပြုစုစောင့်ရှောက်နည်း ၊ ပတ္တီးစည်းနည်း ၊ အခြေခံ အသက်ကယ် အထောက်အကူပြုနည်းစနစ် စသည့်များကို စာတွေ့လက်တွေ့ စနစ်တကျ ပို့ချပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)