မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အခမဲ့ ကပြသီဆိုဖျော်ဖြေ

မြောက်ဦး နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ့မှ စစ်သည်၊ စစ်သမီးများပါဝင်သည့် အဆိုပါအဖွဲ့သည် ယမန်နေ့ညနေ ၇ နာရီအချိန်က မြောက်ဦးမြို့၊  အောင်တပ်ရပ်ကွက်၊ မြို့တော်ခန်းမ၌ အခမဲ့ ကပြသီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။

အဆိုပါ ဖျော်ဖြေမှုစတင်ချိန်တွင် အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ့မှ စစ်သည်၊ စစ်သမီးများက ဗုဒ္ဓပူဇနိယသီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ပြီး စစ်သည်၊ စစ်သမီးများမှ တေးသံသာများ၊ မြူးကြွသွက်လက်သည့် ခေတ်ပေါ်တေးသီချင်းများ၊ Dancer အကအလှများ၊ တေးသရုပ်ဖော်များ၊ နှစ်ပါးသွားများ၊ ရီမောပျော်ရွှင်ဖွယ် ဟာသပြဇာတ်တိုများ စသည့်စိတ်ဝင်စားဖွယ်ကဏ္ဍစုံစွာဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများမှ ပျော်ရွှင်စွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)