မြင်းခြံခရိုင်၊ Community Centre ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြင်းခြံ နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ကလေးအလုပ်သမားအဓိပ္ပါယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တာဝန်(၃)ရပ်ကိုလည်ကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက ကလေးလုပ်သားဖြစ်ရသည့်အကြောင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် ကလေးလုပ်သားကို ခိုင်းစေမှုအကြောင်းကိုလည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးခင်မောင်အေးက ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောပြီး ကလေးအလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား/သူ(၃၅)ဦးသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်(ပြန်/ဆက်)