မော်လမြိုင် နိုဝင်ဘာ ၉
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် ပြည်တွင်းထုတ်ကုန်များပိုမိုအားကောင်းစွာ ထုတ်လုပ်နိုင်ရေးနှင့် ဒေသတွင်းတောင်သူများ စီးပွားရေးအခွင့်အလမ်းများကောင်းမွန်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်နေသည့် ရွှေမြိုင်စိုက်ပျိုးရေးနှင့်အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း၊ တန်(၉၀)ကျ စပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအခြောက်ခံစက် စက်ရုံတည်ဆောက်ရေး တာဝန်ခံမှ စပါးကြိတ်ခွဲစက်နှင့် စပါးအခြောက်ခံစက် အပိုင်းလိုက်တည်ဆောက်ပြီးစီးနေမှုအခြေအနေများနှင့် စိုက်ပျိုးရေးထုတ်ကုန်များဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းထွက်ရှိသည့် ဆန်စပါးများအလေအလွင့်မရှိရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်ရရှိအောင် ဆောင်ရွက်နိုင်ရေး အထူးအလေးထားဆောင်ရွက်ပေးကြရန်၊ ဒေသထွက်ကုန်များကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမကဏ္ဍမှ တစ်ဖက်တစ်လမ်းပါဝင်ဆောင်ရွက်ရန်နှင့် ဆန်ကြိတ်စက်ကြီးများ တည်ထောင်ခြင်းဖြင့် ဆန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို အရည်အသွေးမီထုတ်လုပ်နိုင်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြင့် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တန်(၉၀)ကျ စပါးကြိတ်ခွဲစက်နှင့် တန်(၁၂၀)စပါးအခြောက်ခံစက် တည်ဆောက်နေမှုအခြေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)