လှိုင်သာယာ(အနောက်ပိုင်း)၊ နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ အ.ထ.က (၁၅) တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက်ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁၅) အခြေခံပညာအထက်တန်းကျောင်းဘိုးရာဇာခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါဟောပြောပွဲတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်က ကလေးသူငယ်အခွင့်အရေးများအကြောင်း၊ ကလေးသူငယ် ဥပဒေများအကြောင်း၊ ဥပဒေအရကာကွယ်ပေးမှုများအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ဟောပြောသည်။
ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စာရေးဆရာများ၊ အမှတ် (၁၅) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၅၀) ဦး တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးဌာနမှပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။
မြင့်ဇော်