သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်

တောင်ဥက္ကလာပ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊  ပဒေသာအားကစားကွင်း၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဥ်ပြိုင်ကျင်းပခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် တောင်ဥက္ကလာပမြို့နယ်အသင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်အသင်းတို့မှ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်အသင်းက တစ်ဂိုး၊ သင်္ဃန်းကျွန်းမြို့နယ်အသင်းက ဂိုးမရရှိမှုဖြင့် ယှဥ်ပြိုင်ကစားခဲ့ကြသည်။

ဘောလုံးပြိုင်ပွဲသို့ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသောင်းလွင်၊ အတွင်း‌ရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှသိန်း၊  တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တောင်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊‌ တောင်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၃ ခုနှစ် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား  သင်္ဃန်းကျွန်းမြို့နယ်၊ တာ‌မွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဝါသနာရှင်‌ဘောလုံးအားကစားသမားများမှ တစ်မြို့နယ်တစ်သင်းဖြင့် မြို့နယ်အလိုက် နိုဝင်ဘာလ (၄)ရက်နေ့မှ (၁၄)ရက်နေ့အထိ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

​ခင်ဆွေနှင်း(ပြန်/ဆက်)