ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ဗိုလ်တထောင် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်တွင် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် ဘောလုံးပွဲပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားတွင် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားရာ ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ “မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေရမည်” ဆိုသည့်ဆောင်ပုဒ်အတိုင်း လူငယ်များကို ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆို၍ တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်းများအား နှုတ်ဆက်ခဲ့သည်။

ထို့နောက် ပုဇွန်တောင်မြို့နယ်အသင်းနှင့် ဗိုလ်တထောင်မြို့နယ်အသင်းတို့ ပြိုင်ပွဲဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်က ဘောလုံးကန်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်(ပြန်/ဆက်)