ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်တွင် မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပုဗ္ဗသီရိ နိုဝင်ဘာ ၉

ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်ဌေးနေအိမ်၌ နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၁၀နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ မီးဘေးသင့်ခဲ့သည့် မိသားစုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းသဇင်ဦးနှင့် ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မီးဘေးသင့်ခဲ့သည့် ဦးကျော်ဌေးမိသားစုအတွက် ထောက်ပံ့ငွေကျပ်နှစ်သိန်းနှင့် ပစ္စည်းများကို  ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)