မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ)လ(၁၀)ကျောင်းတွင် စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

မြောက်ဥက္ကလာပ နိုဝင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)(၁၀)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ခွဲ)(၁၀)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်/ဆက်ဦးစီးအရာရှိဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာအကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းအပြင် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဌာန်းထားရှိသည့် ဥပဒေများစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား  ကလေးအလုပ်သမားအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)