မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေးဟောပြောပွဲ ကွင်းဆင်း‌ဆောင်ရွက်

မိုင်းတုံ နိုဝင်ဘာ ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိ‌စေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းသား၊ကျောင်းသူများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီးနောက် "လူကုန်ကူးမှုကာကွယ်တာဆီရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ‌ဆောင်ရွက်‌ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများကို  ဝန်ထမ်းများ သယ်ဆောင်လာသော သုတ/ရသစာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာစာစောင်များ၊ မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထရရှိစေရန်နှင့် လိုအပ်သည့်အခါ မိမိတို့မှတ်သားထားသည်များကို ပြန်လည်အသုံးချတတ်‌စေရန်ရည်ရွယ်၍ ပြသပေးခဲ့ခြင်း၊ သုတ/ရသစာအုပ်များကိုလည်း တစ်ပတ်တစ်ကြိမ် လဲလှယ်ငှားရမ်းသည့်စနစ်ဖြင့် ငှားရမ်းပေးခဲ့ကြောင်း ဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)