အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစသည့် စာအုပ်များငှားရမ်းပေး

ရန်ကုန် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသစသည့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးသည်။

စာအုပ်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဗဟုသုတရရှိစေမည့် သုတ၊ ရသစသည့် စာအုပ်များ ငှားရမ်းပေးသည်။

စာငှားသူများအနေဖြင့် စာအုပ်များကို (၂)ပတ်တိတိ ဖတ်ရှုနိုင်မည်ဖြစ်ရာ သတ်မှတ်ထားသည့်ရက်ပြည့်လျှင် ငှားရမ်းထားသည့်စာအုပ်များအား ပြန်လည်သိမ်းဆည်းစာရင်းသွင်းခြင်းနှင့် စာအုပ်များအသစ် ပြန်လည်ငှားရမ်းပေးခြင်းဖြစ်သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများသို့ အလှည့်ကျစနစ် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)