ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပူတာအို    နိုဝင်ဘာ ၉

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသဝမ်းစာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအားကောင်းခိုင်မာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက ပူတာအိုမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည် နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူတာအို မြို့၊ ဒုတ္တန်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၁၇၅)သိန်းပံ့ပိုးချေးငွေဖြင့် “ထရပ်ဝပ်” မွေးမြူရေးနှင့်အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းပိုင် နွားမွေးမြူရေးခြံ၌ နို့စားနွားများ မွေးမြူ၍ နွားကလေးငယ်များဖြင့် ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ နွားမွေးမြူရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသင်းတာဝန်ရှိသူများနှင့် နွားစာလိုအပ် ချက်ပြည့်မီစေရေး နေဗီယာမြက်နှင့် တီကူရမ်မြက်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နည်းစနစ်ကျမွေးမြူရေး အတွက် လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မွေးမြူရေးအထောက်အကူပြု ဆေးဝါးများ၊ အစာအိတ်များနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပူတာအို မြို့နယ်အတွင်း လျှပ်စစ်မီး အချိန်ပြည့် လုံလောက်ပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်တစ်ခုအဖြစ် နမ်ထွန်ခူးကျေးရွာအတွင်းရှိ နမ့်ထွမ်ချောင်း ပေါ်တွင် ဒေသအစီအစဉ်ဖြင့် ၃ မီဂါဝပ်ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်စက်ရုံသစ် တည်ဆောက် နိုင်ရေး ချောင်းရေရရှိမှု၊ စီမံကိန်းလုပ်ငန်းအတွက် စက်ရုံတည်ဆောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက် ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်နှစ်ခုအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး နမ့်ထွမ်ချောင်း ပေါ်တွင် ၃ ဒဿမ ၂ မီဂါဝပ်ထွက် ရေအားလျှပ်စစ်စက်ရုံတစ်ခုရှိသည့်အပြင် ယခုထပ်မံတည်ဆောက် မည့် ရေအားလျှပ်စစ်စက်ရုံသစ်နှင့်  နိုင်ငံတော်အစိုးရမှလည်း မူလာချောင်းပေါ်တွင် (၈ ဒဿမ ၁) မီဂါဝပ်ထွက်ရှိမည့် ရေအားလျှပ်စစ်စက်ရုံတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/ မြို့ဖများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် ပူတောင်းကျေးရွာရှိ ပူတောင်းရွာမကွင်း တောင်သူ ဦးသန်းနိုင်၏ အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ မိုးစပါးစံကွက်ရိတ် သိမ်းပွဲသို့ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများက တောင်သူများနှင့်အတူ မိုးစပါး စံကွက်ရိတ်သိမ်း၍ တစ်ဧက အထွက်နှုန်း တွက်ချက်မှုအခြေအနေများ၊ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး စံကွက်ရိတ်သိမ်းမှုအရ တစ်ဧက (စပါးအခြောက်) ၁၂၂ တင်းထွက်ရှိသဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားကြရန်နှင့် မိုးစပါးအပြီး ဆောင်းသီးထပ်သီးနှံစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေရရှိမှု အခြေအနေများကို တောင်သူများနှင့် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် အတွင်း အကွက်အမှတ်(၃)ရှိ မြေဧရိယာ ၃ ဒဿမ ၃၄၄ ဧက၌ ငါးကန်ဟောင်းများကို ငါးမွေးမြူရေး ကန်အဖြစ် ပြန်လည်တူးဖော်ပြီး ဒေသတွင်း ငါးစားသုံးမှုဖူလုံရေး ငါးမွေးမြူရေးကန်နှင့် ငါးသား ဖောက်ပြုလုပ်မွေးမြူဖြန့်ဝေပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် နမ့်ထွမ်ချောင်းရေမှ တစ်ဆင့် ပန်းလှိုင်ကွင်း မိုးစပါး ဧက ၃၂၀ နှင့် ပူတောင်းကွင်း မိုးစပါးဧက ၄၂၀ တို့အား စိုက်ပျိုးရေလုံလောက်မှုရှိစေရေးနှင့် ဆောင်း သီးထပ်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် အဆိုပါချောင်းပေါ်ရှိ နမ်ကန်တုံရေလွှဲဆည်နှင့် စုပေါင်း/နာအုံ ရေလွှဲဆည်တို့အား အသစ်ပြုပြင်တည်ဆောက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးစပါး ရိတ်သိမ်းနေသော ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ သီးထပ်စိုက်ပျိုးနိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်းရှိ မတ်ပန်ကွင်းရှေ့၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသဝမ်းစာဖူလုံဖို့ ဒီ(၃)နှစ်မှာ ကြိုးစားစို့ ဆိုင်းဘုတ်စိုက်ထူနှိုးဆော်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်