မိတ္ထီလာ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ထားခြင်း ရှိ/မရှိ ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွပ်ကဲမှုအောက် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးလက် ကုန်ထုတ်လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်း၊ CFW စီမံကိန်းလုပ်ငန်း၊ စီမံချက်များ၊ သင်တန်းများ ဖွင့်လစ်မှုနှင့်ပတ်သက်၍ စာရင်းဇယာများ၊ ဌာနတွင်း စီမံအုပ်ချုပ်မှု၊ ရုံးအဆောက်အဦ၊ ငွေစာရင်းများကိုဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ ဝန်ထမ်းအင်အားစာရင်းနှင့် ပတ်သက်သည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်သွင်းထားမှုရှိမရှိနှင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)