ညောင်ဦးမြို့၌ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းသားများ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်း လက်တွေ့ရိုက်ကူးခြင်းများဆောင်ရွက်

ညောင်ဦး  နိုဝင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်သင်ကြား တက်ရောက်လျက်ရှိသည့် သင်တန်းသားများ ယနေ့နံနက် ၅ နာရီအချိန်မှစတင်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လက်တွေ့ရိုက်ကူး ခြင်းများရိုက်ကူးလျက်ရှိကြောင်းသိရသည်။

ညောင်ဦးမြို့၌ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းသားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လက်တွေ့ရိုက်ကူးခြင်းများဆောင်ရွက်လျက်ရှိရာ သင်တန်းကြီးကြပ်သူ၊ ဓာတ်ပုံပညာရှင်နှင့်သင်တန်းသားများသည် နံနက် ၅  နာရီအချိန်မှ စတင်ပြီး တောင်ဂူနီဘုရားနှင့် မြောက်ဂူနီဘုရားအလယ်တွင်ရှိသည့် ကုန်းမြင့်ပေါ်မှ Sunrise Outdoor ရိုက်ကူးခြင်းများ ရိုက်ကူးခြင်း၊ ဆင်ဖြူရှင်ကျောင်း တိုက်၊ စူဠာမဏိဂူဘုရားကြီး အတွင်းအပြင်၊ ဓမ္မရံကြီးဘုရားအတွင်းနှင့် ရွှေဆံတော်ဘုရားကြီးတို့အား ဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်းသင်တန်းသားများက စာတွေ့သင်ကြားထားသည်များကို ဓာတ်ပုံဆရာနှင့်အတူ လက်တွေ့ရိုက်ကူးခြင်းများ ရိုက်ကူးခဲ့ကြောင်း သိရကာ နေ့ခင်းပိုင်းအချိန်တွင်လည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆက်လက်ရိုက်ကူးလျက်ရှိကြောင်း သင်တန်းကာလ နိုဝင်ဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၄ ရက်နေ့ထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း