သာစည် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် သာစည်-သပြေဝကားလမ်းမှ ရွာပုလဲလေးလမ်းအား ကျောက်ချောလမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သာစည်မြိုနယ်တွင် သာစည်-သပြေဝကားလမ်းမှ ရွာပုလဲလေးလမ်း လမ်းအရှည် ၁ မိုင်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံငွေရင်း ရန်ပုံငွေ (၁၈.၄၆ သန်း)ဖြင့် ဇူလိုင်လ ပထမပတ်မှစတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သာစည်-သပြေဝကားလမ်းမှ ရွာပုလဲလေးလမ်းအား ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးခြင်းကြောင့် ရွာပုလဲလေးကျေးရွာ၊ ရွာပုလဲကြီးကျေးရွာ၊ ဘွဲ့ခြားကျေးရွာကျေးရွာ၊ ဂုဏ်ညှင်းနွယ်ကျေးရွာ၊ ရောက်ရိုးကျေးရွာ၊ ရွာကုန်းကြီးကျေးရွာ၊ ကန်သစ်ကုန်းကျေးရွာများမှ အိမ်ခြေ(၁၁၂၄)အိမ်၊ လူဦးရေ (၄၇၇၈) ဦးတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် ရာသီမရွေးအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြိုနယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မြိုနယ်(ပြန်/ဆက်)