ပင်းတယ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပေးပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က “လူငယ်တွေအတွက် ဗလငါးတန်ဖွံ့ဖြိုးရေး” ကျောင်းသား/သူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေဖို့ ကျောင်းစာပြင်ဗဟုသုတရရှိစေမည့် ပြင်ပစာပေများကိုလည်း လေ့လာဖတ်ရှုကြရန်၊ အားလပ် သည့်အချိန် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်တတ်စေရန်၊ လူကုန်ကူးမှုကာကွယ်ရေးအကြောင်းနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားကာ ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းခတ္တာမောင်က ပတ်ဝန်းကျင်နှင့်ပတ်သက်၍ အသိပညာပေးပြောကြားပေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား သုတ၊ရသစာအုပ်စာစောင်များအား ဖတ်ရှုလေ့လာစေခဲ့ပြီး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)