မိုးနဲ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာ၌ တစ်နိုင်တစ်ပိုင် မုန်လာပွင့် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း တောင်သူဦးဇော်ဝင်းမောင်ထံမှ သိရသည်။
မုန်လာပင်များကို အောက်တိုဘာလ အစောပိုင်းတွင် ထပ်မံစိုက်ပျိုးထားကြောင်း၊ အစောပိုင်း စိုက်ပျိုးထားသော မုန်လာပွင့်များကို ခူးဆွတ်ရောင်းချနေရပြီဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့်အတွက် စနစ်တကျ ဂရုတစိုက် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ ပျိုးပင်ပေါက်များကိုလည်း မျိုးစေ့ချစိုက်ပျိုးပြီး အရွယ်ရောက်သည့်အချိန်တွင် ခွဲ၍ ၁ပေခြား စိုက်ပျိုးထားကြောင်း၊ စိမ့်ရေမြောင်းရှိသဖြင့် အစိုဓာတ်လုံလုံလောက်လောက် ရရှိကြောင်း၊ စပါး၊ ငှက်ပျော၊ ခရမ်းညိုနှင့် မုန်ညှင်းဖြူများကိုပါ စိုက်ပျိုးထားသေးကြောင်း၊ စပါးပင်များကို မကြာသေးမှီက ရိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ယခုအခါ သခွားပင်များနှင့် ဂေါ်ဖီထုပ်ပင်များကိုပါ ထပ်မံစိုက်ပျိုးရန် ထွန်ယက်ပြင်ဆင်လျက်ရှိကြောင်း၊ မုန်လာထုပ်များကို မြို့မစျေးကြီးတွင် မရောင်းရဘဲ ခြံထိလာရောက် ဖောက်သယ် ဝယ်ယူလျက်ရှိကြောင်းနှင့် မိမိကျေးရွာမှလည်း လာရောက်ဝယ်ယူသူများလည်းရှိရာ မုန်လာပွင့် အရွယ်အစားပေါ် မူတည်ပြီး ကျပ် (၁၀၀၀)မှ ကျပ် (၂၀၀၀)ကြား ရောင်းချနေရကြောင်း တောင်သူဦးဇော်ဝင်းမောင်၏ ပြောကြားချက်အရ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)