ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ပင်လုံ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ပင်လုံမြို့ အထက(၃)ကျောင်း၌ ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုမာက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက အတတ်ပညာသင်ယူခြင်း/ခံယူခြင်းနှင့်သက်ဆိုင်သည့် သိရုံမျှ အတတ်ပညာကို သင်ယူခြင်း၊ ခံယူခြင်း(learning to know) တတ်မြောက်စေရန် အတတ်ပညာကို သင်ယူ၊ ခံယူခြင်း(learning to do) အတူတကွရှင်သန်နေထိုင်ရေးအတွက် သင်ယူ၊ ခံယူခြင်း(learning to live together)မိမိဘဝကို အပြည့်အဝဖန်တီးနိုင်အောင် သင်ယူ၊ ခံယူခြင်း(learning to be) စသည့် ခေါင်းစဥ် (၄)ရပ်ဖြင့် ကျောင်းသား/ကျောင်းသူလေးများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်းကာ အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မိုးမိုးအေးမှ အားကစားနည်းအမျိုးအစားများ၊  ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ အားကစားသင်တန်းများအကြောင်း၊ ယှဥ်ပြိုင်အားကစားနည်းများ၊ ရိုးရာအားကစားနည်းများ၊ အပန်းဖြေအားကစားနည်းများ၊ လူထုအားကစားနည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စကားဝါမှ မြန်မာ့တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအကြောင်းနှင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော ရောဂါများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆ​က်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေး၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသကာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)