ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် GW-11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ ဧက(၁၀၀) တင်း(၁၀၀)ကျော်ထွက်ရှိရေး ၂၀၂၃ ခုနှစ် GW-11 မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ ကွင်းအမှတ်(၅၉၆)၊ ဦးပိုင်-၃ ရှိ တောင်သူ ဦးမောင်အေးကျော်၏ လယ်မြေ၌ကျင်းပသည်။

အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့် ဝန်ထမ်းများ၊  စိုက်ပျိုးရေးကြီးကြပ်ရေး ကော်မတီဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး၊ ကွန်းတောင်ကျေးရွာ ကွင်းအမှတ်(၅၉၆) ဦးပိုင်-၃ ရှိ တောင်သူဦးမောင်အေးကျော်၏ GW-11 မိုးစပါးစံပြကွက် သုညဒသမ ၁၀ ဧကကို ရိတ်သိမ်းခဲ့ရာ ၁-ဧကထွက်နှုန်း အစို ၁၃၅ တင်း၊ အခြောက် ၁၁၅.၈၅ တင်းထွက်ရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)