လဲချား နိုဝင်ဘာ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျောင်းသားနှင့် အောင်မြင်မှု အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက မိမိတို့ဌာနအနေဖြင့် ကျောင်းသား/သူ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အောင်မြင်သည့် လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်အတွက် ရည်ရွယ်ပြီး အသိပညာပေး(Talk Show)ကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် G-11 ကျောင်းသူ မဖွေးသူသူခင်မှ “အောင်မြင်မှုဆိုတာဘာလဲ၊ အောင်မြင်သူများတွေးကြပုံ၊ ကျောင်းသားနှင့်အောင်မြင်ရေး၊ ကျောင်းသားနှင့် အောင်မြင်မှု၊ အောင်ပွဲခံခြေလှမ်းများ” စသည့် သိရှိလိုသည့် အကြောင်းအရာများအပေါ် ဉီးစီးအရာရှိက အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)