ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည် နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် Wilmer Myanmar Edible Oil Co.,Ltd မှ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများအား ယနေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဈေးနှုန်းချိုသာစွာဖြင် စားအုန်းဆီများ ရောင်းချရာတွင် ကျောက်ဆည်မြို့ မြို့မဈေးအရှေ့ဘက် နေလသုခ စားသုံးဆီရောင်းဝယ်ရေး အရောင်းဆိုင်မှ ရည်ညွှန်းဈေးတစ်ပိဿာ ငွေ(၄၅၇၀)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီ (၃၃၀) ပိဿာအား တစ်ပိဿာ ငွေ (၄၉၉၈) ကျပ်ဖြင့်လည်ကောင်း၊ ကျောက်ဆည်မြို့နယ် ထနောင်ပင်လှကျေးရွာတွင် ယံယံ စားသုံးဆီအရောင်းဆိုင်မှ ရည်ညွှန်းဈေး တစ်ပိဿာငွေ (၄၅၆၀) ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီ (၅၅၀) ပိဿာအား တစ်ပိဿာငွေ (၄၉၈၈) ကျပ်ဖြင့် လည်းကောင်း၊ စဉ့်ကိုင်မြို့၊ ရန်ကုန်-မန္တလေးကားလမ်း အုန်းပင်ခြံလမ်းဆုံ ဒေါ်လာ စားသုံးဆီ အရောင်းဆိုင်မှ ရည်ညွှန်းဈေးတစ်ပိဿာ ငွေ(၄၅၇၀)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီ (၃၃၀) ပိဿာအား တစ်ပိဿာငွေကျပ် (၄၉၉၈) ကျပ်ဖြင့် လည်းကောင်း၊ စဉ့်ကိုင်မြို့နယ် ဒေါင့်ကြီးကွေ့ကျေးရွာတွင် ရည်ညွှန်းဈေးတစ်ပိဿာ ငွေကျပ် (၄၅၆၀) ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီ (၅၅၀) ပိဿာအား တစ်ပိဿာငွေကျပ် (၄၉၈၈) ကျပ်ဖြင့်လည်းကောင်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)