ကော့မှူးမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူ

ကော့မှူး နိုဝင်ဘာ ၈

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအား ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၌ တိရစ္ဆာန်ကောင်ရေစာရင်းကို ကောက်ယူလျက်ရှိကြောင်း သိရသည်။ နိုင်ငံတော်၏တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုကိန်းဂဏန်းများအတည်ပြုနိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒေါက်တာစိုးနိုင်ထံမှ သိရသည်။

ထို့နောက် မြို့နယ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစိုးနိုင်နှင့်ဝန်ထမ်းအဖွဲ့များမှ ကော့မှူးမြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမည့် ကျေးရွာပေါင်း(၂၆)ရွာနှင့် ရပ်ကွက်(၁)ရပ်ကွက်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၂ ရက်မှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)