မန်ကန် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် ဒေသခံပြည်နယ်သူများမှ စိုက်ပျိုးထားသော တောင်းယာစပါးများ စတင်ရိတ်သိမ်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်ကန်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်စဉ်တောင်ယာစပါးကို စိုက်ပျိုး၍ ဒေသဝမ်းစာဖူလုံရေးကို ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် တောင်ယာစပါးများကို စတင် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ “ယခုနှစ်တွင် ရာသီဉတုကောင်းမွန်ခြင်းကြောင့် တောင်ယာတစ်ဧကလျှင် တင်း(၁၂၀)အထိ ထွက်ရှိကြောင်း၊ ယခုနှစ်စပါးထွက်နှုန်း ကောင်းမွန်သဖြင့် မိသားစုအတွက် ဆန်ဖူလုံမှု ရှိနိုင်ကြောင်း၊ ပိုလျှံစပါးများအား ရောင်းချမှုများသွားမည်ဖြစ်ကြောင်း၊ တောင်ယာစပါး ရိတ်သိမ်းပြီး မြေများတွင်လည်း ငရုတ်သီးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း” တောင်ယာစပါးစိုက်ပျိုးသူ မက်မန်းမြို့နယ် မန်ပန်ကျေးရွာနေ ဦးအိုက်မောင်ထံမှ သိရသည်။
အေးကပ်(ပြန်/ဆက်)