ရန်ကုန် နိုဝင်ဘာ ၉
မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသော မြန်မာ့ပရိဘောဂပြပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ Junction Square ၌ ကျင်းပသည်။
ဦးစွာမြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းကြီး၏ နာယက၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ပြခန်းအတွင်းပြသထားသော သီတင်းကျွတ်ပွဲတော်အတွက် မင်္ဂလာခန်းဝင်ပစ္စည်းများ၊ ဆန်းသစ်တီထွင်ထားသောသစ်အခြေခံပရိဘောဂပစ္စည်းများ၊ ကျွန်းအစားထိုးတန်ဖိုးနည်းပရိဘောဂပစ္စည်းများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပြပွဲကိုလုပ်ငန်းရှင်(၁၁)ခုမှ ဆိုင်ခန်းပေါင်း(၁၆)ခန်းဖြင့် နိုဝင်ဘာ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)