ဒဂုံမြို့နယ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံသီရိခန်းမတွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နံနက်(၉)နာရီကကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်း​ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်လွင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဒဂုံမြို့မရဲစခန်းမှူးဒုရဲမှူးဇေယျာမင်းကလူကုန်ကူးမှုနှင့် တာဆီးနှိမ်နင်းရေးအကြောင်းဟောပြောခြင်း၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဥ်ထိန်းရဲတပ်ဖွဲ့မှဒုရဲမှူးအောင်ကျော်သူက ရှင်းလင်းပြောကြားခြင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအကြောင်းကို ဦးစီးအရာရှိဒေါ်ပပမောင်က အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦး ခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မိုးမိုးခိုင်(မြို့နယ် ပြန်/ဆက်)