ကွန်ဟိန်း နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) (ကွန်ဟိန်း) စစ်ဗျူဟာမှူးဖလား အမျိုးသား (အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က တပ်နယ်(ကွန်ဟိန်း) ဘောလုံးကွင်းတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံအသင်းနှင့် စစ်ဗျူဟာအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲကို ကာလိ(က) ဖူဆယ်ဘောလုံး အသင်းနှင့် King Club ဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သာမန်ပွဲကစားချိန်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကာလိ(က) ဖူဆယ်ဘောလုံး အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ရန်ပုံငွေများ လှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ဒိုင်လူကြီးများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ပြီး နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကိုလည်းကောင်း၊ တတိယဆုရ လွိုင်ဖာဖူဆယ်ဘောလုံးအသင်းအား ငွေသားဆုငွေ (၂)သိန်းကိုလည်းကောင်း၊ ဒုတိယဆုရ King Club ဖူဆယ်ဘောလုံးအသင်းအား ငွေသားဆုငွေ (၃)သိန်းကိုလည်းကောင်း၊ ပထမဗိုလ်စွဲသည့် ကာလိ(က) ဖူဆယ်ဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုငွေ(၅)သိန်းကိုလည်းကောင်း စစ်ဗျူဟာအဖွဲ့(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများတို့က အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းပေါင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၁ရက်နေ့မှ ၈ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်