မိတ္ထီလာ နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအသိပညာပေး အလယ်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျပန်းစကားပြောပြိုင်ပွဲတွင် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေး အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများက ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ခဲ့ကြသည်။ ၎င်းပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲကို မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အလယ်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအသိပညာပေး အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စည်ပင်သာရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းမှအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)