မိုင်းယောင်းမြို့နယ်တွင် ပရိတ်ကြီး ၁၁ သုတ်နှင့် မဟာသမယသုတ်တော်များ ရွတ်ဆိုပူဇော်

မိုင်းယောင်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီတွင် ပရိတ်ကြီး ၁၁ သုတ်နှင့် မဟာသမယသုတ်တော်များ ရွတ်ဆိုပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ကိုယ်ဝန်ဆောင်အတွက် (မီးဖွားစရိတ်)  ၅၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။ထို့အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် သီတင်းကျွတ်ကန်တော့ခဲ့သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  အရာထမ်း/အမှုထမ်း (၂၆)ဦးအား တစ်ဦးလျှင် ၅၀၀၀ ကျပ်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)