မောင်တော နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့တို့မှ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင် ဈေးရောင်းချသူများအနေဖြင့် မီးဘေးလုံခြုံရေး၊ မီးကို စနစ်တကျ သုံးစွဲကြရေး၊ မီးဘေးမပေါ့ကြစေရန်နှင့် ဈေးအတွင်း မတော်တဆမီးလောင်မှုဖြစ်ပွားပါက ရှေးဦးစွာ မီးငြှိမ်းသတ် ဆေးဘူးဖြင့် စနစ်တကျဖြင့် မီးငြှိမ်းသတ်မှုများ၊ ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ၊ မီးသတ်ဆေးဘူးများတွင် (လေပေါင်)ရှိ/မရှိ၊ သဲအိတ်များ၊ ရေပုံး၊ ရေပိုက်ခေါင်းများ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်သင့်ဆောင်ရွက်ထားရှိရေး၊ မီးသတ်ဆေးဘူးများဟောင်းနွမ်းနေပါက အသစ်လဲလှယ်စေရေး၊ ရေစုကန်များအတွင်း ရေလုံလောက်စွာရှိ/မရှိ၊ အပေါ့စားရေစုပ် အားကောင်း/မကောင်းစစ်ဆေးပြီး ဈေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးအကြုံပြုခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)