လဲချားမြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်း သင်းလုံးကျွတ် အစည်းအဝေး ကျင်းပပြုလုပ်

လဲချား နိုဝင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ၊လဲချားမြို့နယ်တွင်အစိုးရဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်း သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်သမဝါယမဉီးစီးဌာနမှူရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဉီးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဖြိုးမြင့်ဝေက အမှာစကားပြောကြားပြီး အစိုးရဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်းလီမိတက် အမှုဆောင်ကော်မတီအဖွဲ့ အသင်းဉက္ကဌ ဉီးစိုင်းသက်အောင်ဉီးမှ သင်းလုံးကျွတ်အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်သမဝါယမဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်သန်းသန်းမြက သမဝါယမလုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းရှင်းတမ်းများ ရှင်းလင်းပြောကြားပြီး အသင်းသားများ၏ မေးမြန်းချက်များအပေါ် အသင်းဉက္ကဌမှ အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။လဲချား (မြို့နယ် ပြန်/ဆက်)