မက်မန်း နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး၊ ဗလ(၅)တန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ရေးရာ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြသခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကျောင်းသားကျောင်းသူများလေ့လာနိုင်ရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ၊ မူးယစ်သားကောင်ဖြစ်လာရသည့် အကြောင်းအရင်းများ၊ မူးယစ် ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပါက ချမှတ်နိုင်သည့် ပြစ်ဒဏ်များ၊ မူးယစ်ဆေး ဝါးရောင်းဝယ်မှုနှင့် သက်ဆိုင်သော ပြစ်ဒဏ်များ၊ ဆေးလိပ်သောက်သောက်ခြင်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် ရောဂါများအကြောင်း၊ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများ အကြောင်း၊ အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကြောင်းများကို ဆောင်းပါးများ၊ ကာတွန်းများ၊ ပန်းချီများ၊ မှတ်တမ်းဓာတ်ပုံများဖြင့် ပြသခဲ့ရာ မက်မန်းမြို့ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှခဲ့ကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)