မိုင်းယောင်း နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နိုဝင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းအနေဖြင့် တော်ဝင်မိုင်းယောင်းဆန်စက်မှ မှော်ဘီ-၃ စပါး တစ်တင်းကို ကျပ် ၁၇၅၀၀ ဖြင့် ဒေသပေါက်စျေးအတိုင်း ဝယ်ယူလျက်ရှိပြီး (၁၀)ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို ၁၈၀၀၀ ကျပ်၊ (၂၀)ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို ၃၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ တော်ဝင်မိုင်းယောင်းဆန်စက်မှ ဝယ်ယူဖြန့်ဖြူးသည့် စပါး၊ ဆန်ဈေးနှုန်းများကို သိရှိလိုပါက ၀၉ ၄၂၈၂၂ ၃၄၆၈ နှင့် ၀၉ ၆၉၂ ၁၃၀၂၄၈ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ငရုတ်သီးခြောက်တစ်ပိဿာ ၁၅၃၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၈၅၀၀ ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ အာပြဲခြောက်တစ်ပိဿာ ၁၉၀၀၀ ကျပ်၊ စိမ်းစားငါးပိ တစ်ပိဿာ ကျပ် ၄၀၀၀၊ ပဲကြမ်းကြော် ၁၂၀၀၀ ကျပ်၊ မြေပဲတစ်ပိဿာ ၈၆၀၀ ကျပ်၊ အာလူး တစ်ပိဿာ ကျပ် ၃၀၀၀ နှင့် ထန်းလျက်တစ်ပိဿာ ၄၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)